Local News

မတ်ပဲဈေးတက်မလာပဲ ဈေးငြိမ်နေ

Last Updated:

ယခင်သီတင်းပတ်အတွင်း မတ်ပဲဈေးနှုန်း တစ်တင်းလျှင်ကျပ်  ၆၀၀၀၀ ဝန်းကျင်ဖြင့် ဈေးငြိမ်နေခဲ့ပြီးယခုသီတင်းပတ်တွင်လည်း ယခင်ဈေးအတိုင်းဆက်လက်တည်ရှိနေခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ နိုဝင်ဘာလ ရက် နေ့တွင် တစ်တင်းလျှင် ကျပ် ၅၇၅၀၀၊ ရက်နေ့တွင် ကျပ် ၅၈၀၀၀ ရက်နေ့တွင် ကျပ် ၆၀၀၀၀၊ ရက်နေ့တွင်ကျပ် ၆၀၀၀၀၊ ၁၀ ရက်နေ့တွင် ကျပ် ၆၀၃၀၀၊ ၁၁ ရက်နေ့တွင် ကျပ် ၅၉၈၀၀၊ ၁၂ ရက်နေ့တွင် ကျပ် ၆၀၀၀၀၊ ၁၃ ရက်နေ့တွင် ကျပ် ၅၈၈၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

ယခုသီတင်းပတ်ကာလအတွင်း မြန်မာငွေကြေးဈေးနှုန်းအတက်အကျတည်ငြိမ်နေပြီး မတ်ပဲ ဈေးနှုန်းလည်း ကျပ် ၆၀၀၀၀ ဝန်းကျင်တွင် တည်ငြိမ်နေကြောင်းသိရှိရသည်။ အိန္ဒိယနိုင်ငံသို့ တင်ပို့ သည့် မြန်မာမတ်ပဲဈေးနှုန်းများမှာ မတ်ပဲ SQ  တန်လျှင် CNF ဈေးနှုန်း $950 နှင့် FAQ ဈေးနှုန်း $815 ဖြစ်ပြီး၊ မတ်ပဲ FAQ FOB ဈေးနှုန်းမှာ တန်လျှင် $ 770 ဖြစ်ကြောင်း သိရှိရပါသည်။ 

နိုဝင်ဘာလအတွင်း မြန်မာမတ်ပဲ ကွန်တိန်နာ ၂၀-၂၅ ခန့်တင်ပို့ခဲ့ပြီး ပြည်တွင်းကုန်သည် များ၏ခန့်မှန်းချက်အရ မြန်မာမတ်ပဲလက်ကျန် တန်ချိန် ၁၅၀၀၀ နှင့် ပဲစင်းငုံလက်ကျန် တန်ချိန် ၂၀၀၀၀ ခန့်မှန်းကျန်ရှိနိုင်ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ၏ NAFED အနေဖြင့် တင်သွင်းလာသည့် မြန်မာမတ်ပဲများထဲမှာ တန်ချိန် ၁၀၀၀၀ ကို ကွမ်တယ်လျှင် Rs 7100-7490 နှုန်းဖြင့် ဝယ်ယူခဲ့ပြီဖြစ်ပြီး ပဲခွဲစက်များမှ အရည် အသွေးကောင်း မတ်ပဲဝယ်လိုအားကြောင့် လာမည့်ဆောင်းရာသီတွင် မတ်ပဲဝယ်လိုအားများ မြင့်တက်လာနိုင်ကြောင်း Agri World Mumbai ကထုတ်ပြန်ချက်အရ သိရှိရပါသည်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းပြန်လည်ဖွင့်လှစ်မည့် သတင်းများကြောင့် တရုတ်သို့ တင်ပို့နေသည့် ပဲအမျိုးမျိုးနှင့် ဆီထွက် သီးနှံများ၏ဈေးနှုန်းများတက်လာနေသော်လည်း မတ်ပဲဈေးနှုန်းမှာ ဈေးငြိမ်နေသည့် အနေအထား တွင်ရှိပြီး မြန်မာမတ်ပဲပြန်လည်စိုက်ပျိုးရာသီချိန်တွင်ဖြစ်ပေါ်နေသည့် လက်ရှိဈေးနှုန်းမှာ အမြင့် ဆုံးဖြစ်နိုင်ကြောင်း၊ အိန္ဒိယဘက်မှဝယ်လိုအားကြောင့် ဈေးအနည်းငယ် တက်လာနိုင်သော်လည်း ဈေးအမြင့်တန်းရရှိရန် မျှော်လင့်၍မရနိုင်ကြောင်း သုံးသပ်ရပါသည်။

Category: Local News